Whistleblowing ဆိုင်ရာ လမ်းညွှန်ချက်
Whistleblowing ဆိုင်ရာ ကိစ္စရပ်များအား သတင်းပေးပို့နိုင်သော အွန်လိုင်း ပလပ်ဖောင်းမှ ကြိုဆိုပါတယ်။ ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ဆိုင်ရာ အမြင့်ဆုံးစံနှုန်းများကို ထိန်းသိမ်းသည့် ကုမ္ပဏီများဖြစ်ကြောင်း ကတိကဝတ်ပြုပါသည်။ ဤနေရာသည် အမည်လျို့ဝှက် သတင်းပေးပို့ လိုသူများအနေဖြင့် မိမိတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များ မပေါက်ကြားစေဘဲ စိတ်ချစွာ သတင်းပို့နိုင်သည့် ပလပ်ဖောင်းတစ်ခုဖြစ်ပါသည်။
အမည်လျို့ဝှက် သတင်းပေးပို့ခြင်း
- သတင်းပေးပို့မှု စတင်ရန် - သတင်းပေးပို့မှု လုပ်ငန်းစဉ် စတင်ရန် အောက်ပါလင့်ခ်ကိုနှိပ်ပါ။
- အသေးစိတ်အချက်အလက်များ ဖော်ပြပေးခြင်း- သက်ဆိုင်ရာ ရက်စွဲ၊ တည်နေရာ နှင့် ပုဂ္ဂိုလ်များ ဆိုင်ရာ (ပါဝင်ပတ်သက်လျက်ရှိပါက) သိရှိထားသမျှ အချက်အလက်များကို ဖော်ပြပါ။
- အမည်လျို့ဝှက် သတင်းပေးပို့ခြင်း- ဤစနစ်သည် သင် မည်သူမည်ဝါဆိုတာ မပေါက်ကြားစေရန် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။ သင်၏ သတင်းပေးပို့မှုကို ဖော်ပြခွင့် မပေးသရွေ့ သင့် IP လိပ်စာကို ခြေရာခံခြင်း သို့မဟုတ် အချက်အလက်များ စုဆောင်းခြင်းတို့ကို ပြုလုပ်သွားမည်မဟုတ်ပါ။
- သတင်းပေးပို့မှုဆိုင်ရာ နောက်ဆက်တွဲ အခြေအနေအား စောင့်ကြည့်ခြင်း- သင်၏သတင်းပေးပို့မှု အခြေအနေ နှင့် အခြား အချိန်နဲ့ တစ်ပြေးညီ သတင်းအချက်အလက်များ သိရှိရန် အတွက် အကောင့်တစ်ခုထဲ ဝင်ရောက်စေခြင်း (Log in)ကို သင်လက်ခံရရှိမည်ဖြစ်သည်။ သင်၏ အမည်လျို့ဝှက်လိုမှုကို ထိန်းသိမ်းဆောင်ရွက်ထားသည့်အတွက် သင့်ထံသို့ သတင်းပေးပို့မှုဆိုင်ရာ နောက်ဆက်တွဲအခြေအနေများ ပေးပို့သွားမည်မဟုတ်သောကြောင့် သိရှိလိုသည်များကို မိမိအကောင့်ထဲသို့ ပုံမှန်ဝင်၍ စောင့်ကြည့်ရန် လိုအပ်ပါသည်။
ကျွန်ုပ်တို့ အဖွဲ့အစည်း၏ တန်ဖိုးများနှင့် ကျင့်ဝတ်များကို လိုက်နာရန် ကတိကဝတ်ပြုမှုအတွက် ကျေးဇူးအထူးတင်ပါသည်။ ကျင့်ဝတ်ဆိုင်ရာ ကောင်းမွန်သော ပတ်ဝန်းကျင်ကို တည်ဆောက်ရာတွင် သင့်ရဲ့ တာဝန်သိတတ်မှုသည် မရှိမဖြစ် လိုအပ်ပါသည်။ ကျွန်ုပ်တို့ထံသို့ ရည်ရွယ်ချက်ကောင်းမွန်စွာဖြင့် သတင်းပေးပို့ထားသော အကြောင်းအရာ မှန်သမျှကို အလေးအနက်ထား လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့အဖွဲ့အစည်းနှင့် ပိုမိုကျယ်ပြန့်သော လူမှုအဖွဲ့အစည်းအတွက် ပိုမိုလုံခြုံပြီး ပိုမိုပွင့်လင်းမြင်သာသော အနာဂတ်ကို အတူတကွ ဖန်တီးကြရအောင်ပါ။
သတင်းပေးပို့မှု လုပ်ငန်းစဉ် စတင်ရန် အောက်ပါလင့်ခ်ကိုနှိပ်ပါ။
အရေးကြီးသောမှတ်ချက် - လုပ်ငန်းစဉ်သည် အမည်မသိဖြစ်ပြီး၊ သင်၏အစီရင်ခံစာကို လျှို့ဝှက်စွာ ဆက်ဆံပါမည်။